ZEN MIRAI MYANMAR
- Study in Japan with Us
Zen Mirai means “Future of Everyone”.
We support you studying in Japan to make your dream come true.
-Our Campus-
Kyoto Campus
39-12 Fukakusa Shimogawaracho, Fushimi Ward, Kyoto
-Our Service-
Study in Japan Counseling
ဘယ်ကျောင်းကို တက်ရောက်သင့်လဲ။ ငွေကြေးဘယ်လောက်ကုန်ကျနိုင်သလဲ။ ဘာတွေပြင်ဆင်သင့်လဲ။ သင့်အနေနဲ့ ဒီမေးခွန်းတွေကို ကျောင်းကိုလာရောက်လို့ပဲဖြစ်ဖြစ် ဒါမှမဟုတ် zoom ကနေပဲဖြစ်ဖြစ် ကျွမ်းကျင်တဲ့ပညာရေးအတိုင်ပင်ခံ ဆရာမ မီဟိုရှိကို မေးမြန်းနိုင်ပါတယ် (မိနစ်၃၀ကို အခမဲ့ဆွေးနွေးပေးသည်။)
EJU ဆိုင်ရာသင်တန်းများ
ဂျပန်နိုင်ငံက တက္ကသိုလ်တက်ချင်တယ်ဆိုရင် သင်အနေနဲ့ EJU ကို လေ့လာသင်ကြားဖို့ ကျွန်ုပ်တို့အနေနဲ့ အကြံပေးလိုပါတယ်။ အစိုးရတက္ကသိုလ်(၉၀%)ကျော်ကျော်က ဒီစာမေးပွဲကရရှိလာတဲ့ ရမှတ်တွေကြည့်ပြီး ဝင်ခွင့်အတွက်အကဲဖြတ်ကြတာဖြစ်ပါတယ်။ Zen Mirai မှာ မြန်မာလူမျိုးနဲ့ဂျပန်လူမျိုးဆရာ၊ဆရာမတွေရှိပါတယ်။ EJU ကို လေ့လာဖို့အတွက် ဂျပန်စာကျွမ်းကျင်မှုအပိုင်းက မရှိမဖြစ်ကြီးမဟုတ်ပါဘူး။
ကျောင်းလျှောက်မှုပံ့ပိုးခြင်း
Japanese Language school၊ တက္ကသိုလ်၊ မဟာဝိဇ္ဇာ/သိပ္ပံအတန်း၊ ကောလိပ်တို့ကို လျှောက်ထားဖို့ဆိုရင် (senmon) သင့်ကို ပံ့ပိုးပေးနိုင်ပါတယ်။ အရေးအကြီးဆုံးကတော့ သင့်အတွက်မှန်ကန်တဲ့ကျောင်းရွေးချယ်တဲ့အပိုင်းဖြစ်ပါတယ်။ ကျွန်ုပ်တို့ရဲ့ ရုံးချုပ်က ဂျပန်နိုင်ငံမှာရှိပြီး နိုင်ငံတကာကျောင်းသားမျိုးစုံကို ကူညီပံ့ပိုးခဲ့တဲ့အပိုင်းနဲ့ပတ်သက်ပြီး အတွေ့အကြုံ တွေရှိပါတယ်။ ဒါကြောင့် ကျွန်ုပ်တို့အနေနဲ့ သင့်ကို အကောင်းဆုံးအကြံဉာဏ်တွေပေးနိုင်ပါတယ်။
-What’s EJU?-
“EJU” ဆိုသည်မှာ နိုင်ငံတကာကျောင်းသူကျောင်းသားများအတွက် ဂျပန်တက္ကသိုလ်ဝင်ခွင့်အတွက် ကျင်းပတဲ့စာမေးပွဲကို ဆိုလိုတာဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာ တက္ကသိုလ်တက်ချင်တဲ့ နိုင်ငံတကာကျောင်းသူကျောင်းသားအများစုအနေနဲ့ ဒီစာမေးပွဲ ကို ဖြေဆိုရလေ့ရှိပါတယ်။ ဘာကြောင့်လဲဆိုရင် ဂျပန်နိုင်ငံမှာရှိတဲ့ အစိုးရတက္ကသိုလ်(၉၀%)ကျော်က ဒီစာမေးပွဲက ရမှတ်ကိုကြည့်ပြီး ကျောင်းသားလက်ခံရာမှာ အသုံးပြုကြတာဖြစ်ပါတယ်။ ဒါကြောင့် တက္ကသိုလ်လျှောက်လို့ ပဏာမအဆင့်လူရွေးချယ်တဲ့အခါ EJUရမှတ်တွေက သင့်ရဲ့ပညာရေးပုံရိပ်ကို ပိုမိုအားကောင်းစေပြီး အောင်မြင်စေနိုင်ပါ တယ်။
ARTS
တကယ်လို့ သင်က တက္ကသိုလ်မှာဝိဇ္ဇာဘာသာရပ်မေဂျာတွေ (Business, Economics, Sociology...)တက်ချင်ရင် JFL(Japanese as a Foreign Language), Math1, Japan and the World (Economics+Politics+History+Gepgraphy)စတဲ့ဘာသာရပ်တွေကို ယူရမှာဖြစ်ပါတယ်။
SCIENCE
တကယ်လို့သင်က သိပ္ပံပညာရပ်တွေ(Engineering, Computer Science...) ကို တက်ချင်ရင်တော့ JFL, Math2 and science (Chemistry, Physics and Biplogyအနက် ၂ခုကို ရွေးချယ်ရပါတယ်)ကို ယူရမှာဖြစ်ပါတယ်။
(၁)EJU စာမေးပွဲကို တစ်နှစ်မှာ (၂)ကြိမ်ကျင်းပလေ့ရှိပြီး ကျင်းပတဲ့အချိန်တွေကတော့ ဇွန်လနဲ့နိုဝင်ဘာလတို့ဖြစ်ပါတယ်။
(၂) သင်က ဂျပန်နိုင်ငံကသာမဟုတ် မြန်မာနိုင်ငံကနေလည်းစာမေးပွဲဖြေဆိုနိုင်ပြီး စာမေးပွဲကြေးက မြန်မာနိုင်ငံမှာ ပိုပြီးသက်သာပါတယ်။
(၃) EJUစာမေးပွဲကို JLPT တို့၊ IELTSတို့လို မိမိနှစ်သက်သလောက်ဖြေဆိုနိုင်ပါတယ်။ EJUစာမေးပွဲက (၂)နှစ်ပဲအကြုံးဝင်ပါတယ်။.
(၄) EJUစာမေးပွဲမှာ အမှတ်ကောင်းခဲ့ရင် JASSO ပညာသင်ဆုကို ရရှိနိုင်ပါတယ်။
-How to Join-
EJUသင်တန်းတွေကို စာရင်းသွင်းဖို့အဆင့်ငါးဆင့်ရှိပါတယ်။
တကယ်လို့မေးမြန်းစုံစမ်းချင်တာရှိရင် ကျွန်ုပ်တို့ကို လွတ်လပ်စွာဆက်သွယ်နိုင်ပါတယ်။
5 Steps
၁။ အပေါ်မှာပြထားတဲ့စာရင်းထဲကနေ သင်တန်းတွေကို ရွေးချယ်ပါ။
၂။ စာရင်းသွင်းဖောင်ကို ဖြည့်စွက်ပြီး တင်သွင်းပါ။
၃။ သင်တန်းကြေးပေးသွင်းပါ (KBZ pay, ဂျပန်နိုင်ငံမှာဆို ဘဏ်ကနေငွေလွှဲပါ။)
၄။ သင်တန်းကြေးပေးသွင်းထားတဲ့ screenshot/Photo ကို တယ်လီဂရမ်ကနေ ပေးပို့ပါ။
၅။ ရုံးချိန်(၃)ရက်အတွင်း သင်တန်းသို့တက်ရောက်ရန်ဖိတ်ခေါ်ပါမည်။
မိနစ်(၃၀)ကြာတိုင်ပင်ဆွေးနွေးဖို့အခုပဲရက်ချိန်းရယူလိုက်ပါ။
ဂျပန်နိုင်ငံမှာ ကျောင်းသွားတက်ဖို့ စိုးရိမ်နေပါသလား။ မစိုးရိမ်ပါနဲ့။
ဂျပန်နိုင်ငံမှာ ဘယ်လိုသင်ကြားမှုတွေလုပ်နိုင်တယ်ဆိုတာနဲ့ပတ်သက်ပြီး သင့်အနေနဲ့ မိနစ်(၃၀)ကြာ အခမဲ့တိုင်ပင်ဆွေးနွေးလို့ ရပါပြီ။ သင့်ပညာရေးအတွက် အခုပဲရက်ချိန်းရယူလိုက်ပါ။
- Contact Us -
Phone Call (Yangon Campus)
+95 944293 6131
[Office hour] *Except Holidays
9:00am-12:00pm/1:00pm-4:00pm Sunday
9:00am-12:00pm/1:00pm-4:00pm Monday
9:00am-12:00pm/1:00pm-4:00pm Tuesday
9:00am-12:00pm/1:00pm-4:00pm Wednesday
9:00am-12:00pm/1:00pm-4:00pm Thurseday